In Search of Dignity, by Günter Pfannmüller and Wilhelm Klein

Opening on 4 March 

Exhibition from 4 to 19 March

In 1980, Photographer Gunter Pfannmüller and writer Wilhelm Klein were the first photojournalists allowed into Burma. They produced the ‘Burma Insight Guide’, of which over a million copies were printed in 12 languages. Then, they traveled around the country with a portable photography studio of their own invention. What makes their photographs so special is the aura of a dignity that connects the extraordinary ethnic diversity of Myanmar’s peoples. This perspective on what these peoples are sharing documents a fascinating string of a common propriety, a bond that can heal all wounds and unite a nation.

၁၉၈၀ ခုနှစ်တွင် ဓာတ်ပုံဆရာ Gunter Pfannmüller နှင့် စာရေးဆရာ Wilhelm Klein တို့သည် မြန်မာပြည်သို့ ပထမဆုံး ဝင်ခွင့်ရခဲ့သည့် ဓာတ်ပုံသတင်းထောက်များ ဖြစ်ကြပါသည်။ ၎င်းတို့နှစ်ဦးသည် ဘာသာစကား တစ်ဆယ့်နှစ်မျိုးဖြင့် အုပ်ရေသန်းချီပုံနှိပ်ခဲ့ရသည့် “မြန်မာပြည်လမ်းညွှန်”ကို ထုတ်ဝေခဲ့ပါသည်။ ယင်းနောက် ကိုယ်ပိုင်ဖန်တီးထားသော ရွေ့လျားဓာတ်ပုံစတူဒီယိုတစ်ခုဖြင့် နိုင်ငံတစ်လွှား လှည့်လည်သွားလာခဲ့ပါသည်။ ၎င်းတို့နှစ်ဦး၏ ဓာတ်ပုံများအား တမူထူးခြားစေသည့်အရာမှာ မြန်မာတို့၏ ဆန်းပြားလှသော တိုင်းရင်းသားလူမျိုးစု မတူကွဲပြားမှုများအား ပေါင်းစည်းဆက်နွယ်ပေးနိုင်သည့် ဂုဏ်သိက္ခာ အရှိန်အဝါပင် ဖြစ်ပါသည်။ ယင်းတိုင်းရင်းသားများ အချင်းချင်း မျှဝေခံစားမှုအပေါ် အခြေတည်သော အမြင်ရှုထောင့်သည် ဘုံပိုင်ဆိုင်မှုမှ ပေါ်ပေါက်လာသည့် စိတ်ဝင်စားဖွယ် သံယောဇဉ်နှောင်ကြိုးတစ်မျှင်အဖြစ် မှတ်တမ်းတင်ပေးပါသည်။ ထိုနှောင်ကြိုးသည် ဒဏ်ရာမှန်သမျှ ပျောက်ကင်းစေနိုင်ပြီး နိုင်ငံတစ်နိုင်ငံအဖြစ် စုစည်းပေးနိုင်သည့် ပေါင်းစည်းမှုလည်းဖြစ်ပါသည်။